WY-မြင်းဆေး အကြောင်း

နေလွန်းနောင် မြန်မာစာအမှန်ဖြင့်ကြည့်မည် ဘဝပါပျက်စေတဲ့ "WY" ဒယ်ဗယ်လျူဝိုင် ဆေးပြားအကြောင်း တကယ်တော့ အဲ့ဆေးပြားလေးကို ခဲ ပြားလေးပေါ်တင်ပီး ရှို့နေရတဲ့အခိုက်အတန့်လေးကိုသာ လိုချင်တပ်မက်နေကြတာ.. ဆွဲပီးရင်းဆွဲချင် ဖြစ်လာအောင်လဲ သူက အနံ့လေးနဲ့ဆွဲဆောင်သေးသဗျ.... ဒါပေမယ့် တစ်ချို့တွေသိမှာပါ.. အထူးသဖြင့် ကိုယ့်အံသွားတွေ ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ.. နောင်တ တွေနဲ့ အတူ ဖြတ်နိုင်အောင် ကြိုးစါးသင့်နေပီ ကြာလာရင် ခါးတွေနာပီး လက်ပျဉ်တွေ နာလာလိမ့်မယ်.. ဆက်မလုပ်တော့တာ အကောင်းဆုံး အဓိက စိတ်ကို နိုင်ရင် ဖြတ်ဖို့လွယ်လွယ်လေးပါ.. ဖြတ်လိုက်ခြင်းအားဖြင့် ရရှိနိုင်မယ့် အခွင့်အရေးတွေကတော့... အသားအရေပြန်လည်စိုပြေလာမယ် ယခင်က ချိုင့်ဝင်နေတဲ့ မျက်နှာ ပြန်လည်ပြည့်တင်းလာမယ် အပေါင်းအသင်းပြန်လည် ဝင်ဆံ့လာမယ် ဝင်ငွေ တိုးလာမယ် မိမိကိုကိုယ် ယုံကြည်မှုရှိလာမယ်.... ကဲ.. ဘယ်လောက်ကောင်းလဲ...ဒီတော့ မဖြတ်နိုင်ရင်တောင်... ရက်ခြားလေးလောက်ဘဲ သုံးသွားတာကောင်းတယ်.. အကျထိလို့ ပြန်တင်တာတွေ မလုပ်ရဘူး.. လုပ်လဲ မထူးဘူး.. အဲ့ဒီအစား အိပ်ရေးဝဝပြန်အိပ်လိုက်.. တတ်နိုင်သလောက် မလုပ်မိစေနဲ့... ကြာလာရင် ဖြတ်...